ပဋိဇီဝဆေးအား အကျိုးရှိစွာ အသုံးပြုခြင်
  
Translated

၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျိုးကြောင်းဆီလျော်စွာ ပဋိဇီဝဆေး အသုံးပြုမှု မြှင့်တင်  ရေးအား ပြုလုပ်သည့် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခဲ့သည်။

 

 

ပဋိဇီဝဆေးအား အကျိုးရှိစွာ အသုံးပြုခြင်း၏ အဓိက အယူအဆမှာ “ဘက်တီးရီးယား ပိုးမွှားကြောင့်မဟုတ်သော ရောဂါကူးစက်မှုအား ပဋိဇီဝဆေး မပေးရ” ဖြစ်ပါသည် ။

 

 

ဆေးယဉ်ပါးသောပိုးဆိုသည်မှာပဋိဇီဝဆေးဖြင့် သတ်၍မရသောရောဂါပိုးကိုဆိုလိုသည်။

 

Learning point

ထိုင်းနိုင်ငံအတွင်း ပဋိဇီဝဆေးအား အကျိုးရှိစွာ အသုံးပြုခြင်း။

 

၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း ပဋိဇီဝဆေး ယဉ်ပါးမှုကြောင့် သေဆုံးရသူပေါင်း ခန့်မှန်းခြေ ၁၉,၀၀၀ ခန့်ရှိခဲ့သည် ။ ထိုင်းနိုင်ငံတွင် ပဋိဇီဝဆေးများကို ဆေးဆိုင်များတွင်  ဝယ်ယူနိုင်ပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူလူထုများအကြားတွင် ပဋိဇီဝဆေးများအား မမှန်မကန်အသုံးပြုမှုများရှိကြောင်း တွေ့ရှိခဲ့ရသည် ။ ရိုးရိုးတုပ်ကွေးဖြစ်ပွားမှု၏ ၁၀ ရာခိုင်နှုန်း  ထက်လျော့နည်းသော ရောဂါကူးစက်မှုများတွင် ဘက်တီးရီးယားရောဂါပိုး  ဝင်ရောက်မှုကြောင့်  ဖြစ်သည် ။ သို့သော် ထိုင်းနိုင်ငံတွင် ဆေးရုံများရှိကျန်းမာရေးလုပ်သားများ ၊ ဆေးခန်းများရှိ ဆရာ ဝန်များ နှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များရှိ ဆေးဝါးကျွမ်းကျင်သူများမှ ရိုးရိုးတုပ်ကွေး ခံစားနေ ရသော လူနာများတွင် ပဋိဇီဝဆေးများကို သောက်သုံးရန် ကျယ်ကျယ်ပြန့်ပြန့် ညွန်ကြားခဲ့ ပါသည်။ လူနာများအနေဖြင့်လည်း ပဋိဇီဝဆေးအား သောက်သုံးရန်တောင်းဆိုမှုများမှာ သာမန်ဖြစ် နေကျ ဖြစ်သည်။ ပဋိဇီဝဆေးများကို မမှန်မကန်သုံးစွဲခြင်းသည် လူနာများ၏ ကျန်းမာရေးနှင့် တိုင်းပြည်  အတွင်းရှိလူတိုင်းအား ကြီးမားသော အန္တရာယ်ကိုဖြစ်စေပါသည် ။

 

 

ထိုင်းနိုင်ငံ၌ ပဋိဇီဝဆေး အကျိုးရှိစွာ အသုံးပြုခြင်း အစီအစဉ်ကို ကျိုးကြောင်းဆီလျော်စွာ အသုံးပြုရေး ပုံစံတစ်ခုအနေဖြင့် စတင်မိတ်ဆက်၍ လုပ်ဆောင်ခဲ့သည် ။ ဤအစီအစဉ်တွင် အခြေအနေ (၃)ခုကို အဓိကထား၍ ဆောင်ရွက်သည်။  (၁) ရိုးရိုးတုပ်ကွေးရောဂါနှင့်လည်ပင်း နာခြင်း။ (၂) ရုတ်တရက် ဝမ်းပျက် / ဝမ်းလျောခြင်း နှင့်(၃) ရိုးရိုးထိခိုက်ဒဏ်ရာများ တို့ပါဝင်ပါ သည် ။ ၎င်းရောဂါများ ခံစားရသော လူနာအများစုမှာ ပဋိဇီဝဆေးများသောက်သုံးရန် / သုံးစွဲရန် မလိုအပ်ပေ ။ ဤအစီအစဉ်တွင် အဆင့် (၃) ဆင့်ပါဝင်ပါသည် ။ အစီအစဉ်၏ ပထမအဆင့် အနေဖြင့် ဆေးပေးခြင်းဆိုင်ရာ အမူအကျင့်များ ပြောင်းလဲရန်ရည်ရွယ်၍ ပြုလုပ်သည့် လုပ်ဆောင်  မှုများကို ဆန်းစစ်ရန်ဖြစ်သည် ။ ဒုတိယအဆင့်သည် ၎င်းအစီအစဉ်အား ကျယ်ကျယ် ပြန့်ပြန့်လုပ်  ဆောင်ရန် ဖြစ်နိုင် / မဖြစ်နိုင်ကို စမ်းသပ်စစ်ဆေးခြင်းဖြစ်သည် ။ နောက်ဆုံးအနေဖြင့် တတိယ အဆင့်သည် ဤအစီအစဉ်အား ရေရှည်လုပ်ဆောင်နိုင်ရန်အတွက် အားပေးမြှင့်တင်ခြင်းကို အဓိကထားဆောင်ရွက်သည်။

 

 

တိုင်းပြည်တိုင်း (သို့) တကမ္ဘာလုံးတွင် ပဋိဇီဝဆေးယဉ်ပါးမှုကို ပိုမိုသတိပြုမိရန် နှင့်ဆေး  ယဉ်ပါးမှု့ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းရုံးလှုံ့ဆော် မှု အများ အပြားရှိပါသည်။ Antibiotic Guardian and Antibiotic Awareness week အစရှိသည့် စည်းရုံးလှုံ့ဆော်မှုများ ကဲ့သို့သော စည်းရုံးလှုံ့ဆော်မှု များ ဖြစ်ပါသည်။

 

 

Figure 1: the logo of Antibiotic Smart Use 

 

ကိုးကားချက်များ။

1 Sumpradit N., Chongtrakul P., Anuwong K., et al (2012). “Antibiotic Smart Use: a workable model for promoting the rational use of medicine in Thailand”. Bulletin of the World Health Organization. 90 (12): 905-913. doi: 10.2471/BLT.12.105445

2 Lim C., Takahashi E., Hongs wan M., et al (2016). “Epidemiology and burden of multidrug-resistant bacterial infection in a developing country”. eLife. 5 (e18082). doi: 10.7554/eLife.18082

3 “Antibiotics Smart Use in Thailand”. reactgroup.org.

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ